[18+] Lust, CautionCaution


[18+] Lust, CautionCaution




ဒီမွာေဒါင္းပါ Download link - https://mm1ink.net/PrhB
File size - 1.1Gb

ဒီမွာေဒါင္းပါ Download link - https://mm1ink.net/Jhmd9a
File size - 486.72Mb

အၫႊန္း
အေဝးက လရိပ္မ်ွင္မ်ွင္ ေလးသည္
မွန္ျပတင္းကိုျဖတ္လ်က္ အခန္းထဲကို တိုးဝင္ေနသည္။ အခန္းထဲတြင္ လေရာင္လင္းရိပ္သာရွိျပီး အခန္းေလးသည္ မွဳန္ရီ ဝိုးဝါးေန၏။မွန္ျပတင္းနားတြင္ မိန္းကေလးတစ္ေယာက္ မတ္တပ္ရပ္ျပီး အေဝးကိုေငးၾကည့္ေနသည္။သူမ၏မ်က္ဝန္းကေလးမ်ားသည္ ေသာက္ရွဳးၾကယ္မ်ားသဖြယ္ အေမွာင္ထဲမွာပင္ လင္းလက္ေနသည္။ႏွဳတ္ခမ္းႏွစ္မႊာသည္ တုန္ရီလ်က္ရွိေနေလသည္။ေယာက်ာ္းပ်ိဳတစ္ဦး သူမအနားကို ေရာက္လာျပီး ပုခုံးေလႏွစ္ဘက္ကို ယုယစြာ ဆုပ္ကိုင္လိုက္၏။မိန္းကေလးသည္ လည္ျပန္ ငဲ့ၾကည့္လိုက္ျပီး သူတို႔၏မ်က္ဝန္းမ်ား ႏွဳတ္ခမ္းမ်ားသည္ ခ်စ္ဆိပ္ရည္ တို႔ျဖင့္ျပည့္က်ံေနကာ တုန္ရီလ်က္ရွိေနၾကသည္။လရိပ္သည္ အေရာင္ေဖ်ာ့စျပဳလာေပျပီ။
သူတို႔ႏွစ္ဦး၏ ရမၼက္အဆိပ္ေငြ႔မ်ားကမူ တစ္စထက္တစ္စအေရာင္ေတာက္လာျပီ။1938ခုႏွစ္။ Wong chia chi(Tang Wei)သည္ ေဟာင္ေကာင္တကၠသိုလ္မွ ေက်ာင္းသူတစ္ဦးျဖစ္သည္။အခ်ိန္ကာလကား ဂ်ပန္တို႔သည္ အာရွတစ္ခြင္စိုးမိုးေနသည့္ကာလျဖစ္ျပီး တရုတ္ျပည္မၾကီးကေန ေဟာင္ေကာင္က်ြန္းကိုပါ သိမ္းပိုက္ရန္ၾကံစည္ေနသည့္အခ်ိန္ကာလျဖစ္၏။ေဟာင္ေကာင္တြင္ ျဗိတိသ်ွ အလိုေတာ္ရိမ်ား ။အေရးမလွ၍ ဆုတ္ခြာရန္ျပင္ေနသည့္ ျဗိတိသ်ွ အရာရွိမ်ား။ ေဟာင္ေကာင္ကိုသိမ္းပိုက္ရန္ နည္းလမ္းအမ်ိဳးမ်ိဳး သုံးလ်က္ရွိသည့္ ဂ်ပန္စပိုင္မ်ား အလိုေတာ္ရိမ်ားျဖင့္ ေဟာင္ေကာင္သည္ က်ီးလန္႔စားစား ကာလကို ျဖတ္သန္းေနရသည့္ အခ်ိန္ျဖစ္ေလသည္။တကၠသိုလ္ေက်ာင္းသူတစ္ဦးျဖစ္သည့္ wong chi သည္ အတန္းေဖာ္သူငယ္ခ်င္းမ်ားႏွင့္ တကၠသိုလ္တြင္ မ်ိဳးခ်စ္စိတ္ျဖစ္ထြန္းရန္ရည္ရြယ္သည့္ ေတာ္လွန္ေရးျပဇာတ္တစ္ခုတြင္ ဝင္ေရာက္သရုပ္ေဆာင္ခဲ့ျပီး အဆိုပါျပဇာတ္သည္ ေအာင္ျမင္မွဳရခဲ့၏။ထို႔ေၾကာင့္ သူမကို တိတ္တခိုး ခ်စ္ၾကိဳက္ေနသည္ Kuang Yu Min (wang leehom)က အစဥ္တစ္ခုကို သူမတို႔အား ေျပာျပခဲ့၏။အစီအစဥ္က ရွန္ဟိုင္းတြင္ရွိေနသည့္ ဂ်ပန္အလိုေတာ္ရိ mr yee(tony leung chiu wai)အား လုပ္ၾကံရန္ ျဖစ္သည္။kuang yuသည္ သူ၏အစ္ကိုမွာ ဂ်ပန္ေတြလက္ခ်က္ေၾကာင့္ ေသဆုံးခဲ့ရသည္ျဖစ္၍ ဂ်ပန္ေတြအေပၚနာက်ည္းခ်က္ရွိေနသူ
ျဖစ္သည္။က်န္တဲ့သူငယ္ခ်င္းေတြကေတာ့ ႏိုင္ငံေရးနဲ႔ ပတ္သက္လို နားလည္းမလည္။အေတြ႔အၾကံဳလည္း မရွိၾကေပ။ wong chi မွာလည္းထို႔အတူပင္ အေပါင္းအေဖာ္ ေကာင္းလြန္းသျဖင့္သာ ပါသြားခဲ့ရသည္။သူမစိတ္ထဲတြင္ အေဝးေရာက္ဖခင္ျဖစ္သူနဲ႔သာေတြ႔လိုစိတ္ရွိသူျဖစ္ေပသည္။သူမသည္ လွပေခ်ာေမာသူတစ္ဦး ျဖစ္၍ အဓိက ေနရာတြင္ ပါဝင္ ရန္ သူငယ္ခ်င္းမ်ားက အၾကံဥာဏ္ ေပးခဲ့သည္။
wong chi ဆိုတဲ့ေကာင္မေလးခမ်ာ အိမ္ေထာင္ပ်က္ လူကုံတန္ တစ္ဦးအျဖစ္ သရုပ္ေဆာင္ခဲ့ေလသည္။ တကယ္ေတာ့ သူမထင္သေလာက္ mr yeeကို လုပ္ၾကံဖို႔မလြယ္လွပါ။သူသည္ စြန္ရဲတစ္ေကာင္မ်က္လုံးလို တစ္ဖက္သား၏လ်ွိဳ႕ ဝွက္ခ်က္ကို ရွာေဖြႏိုင္သူျဖစ္သည္။wong chi သည္ မာယာ ပရိယာယ္ အသြယ္သြယ္သုံးျပီး သူ႔အနားကို ခ်ဥ္းကပ္ခဲ့သည္။သူသည္ ဘယ္သူ႔ကိုမွအယုံအၾကည္မရွိ။အျမဲတမ္း အလုပ္ကိစၥေတြနဲ႔ရွဳပ္ေထြးေနသည္။တစ္ညတြင္ သူမအိမ္ထဲကို ဖိတ္ေခၚခဲ့ေသာ္လည္း သူက လိုက္မလာခဲ့ပါ။အိမ္ထဲတြင္ သူဝင္လာပါက လုပ္ၾကံဖို႔ ေစာင့္ေနၾကသည့္ သူငယ္ခ်င္းေတြရွိသည္။သူက ပါးနပ္လွ၏။လွည့္ထြက္သြားခဲ့၏။
သူမသည္ mr yeeကိုလုပ္ၾကံရန္ ၾကိဳးစားရင္းနဲ႔ သူမ ႏွလုံသားထဲတြင္ သူကို တစ္စ တစ္စ ေနရာေပးလာျပီမွန္းသတိမျပဳမိခဲ့ပါ။
mr yee ေပးထားသည့္ တိုက္အိမ္ၾကီးမွာ ေနထိုင္ရင္း သူျပန္လာမယ့္ အခ်ိန္ကို အလွပဆုံးျပင္ဆင္ျဖီးလိမ္းျပီးေစာင့္ေနရ၏။သူျပန္လာျပီဆို သူမ ေပ်ာ္ရ၏။သူ၏ ပုံသ႑ာန္သည္ နာနတ္သီးခြံမ်ားၾကားတြင္ လေပါင္းမ်ားစြာ ေနထိုင္ခဲ့ရသည့္ ဝါးရင္းတုတ္တစ္ေခ်ာင္းသဖြယ္ မာေက်ာခက္ထန္လြန္းလွ၏။သူ႔ဘဝေကာင္းက်ိဳးသာၾကည့္ျပီး အရာရာကိုစေတးဝံ့သူျဖစ္သည္။ျပံဳးခဲ ရယ္ခဲသည္။တစ္ခါတစ္ရံ သူမက သီခ်င္းဆိုျပေသာအခါ သူမ်က္ႏွာသည္ ႏူးညံ့ေပ်ာ့ေပ်ာင္းျပီး ခေလးေလးတစ္ေယာက္လို ခ်စ္စရာေကာင္းလြန္းလွပါသည္။က်ားရဲတစ္ေကာင္လို ခက္ထန္မွဳေတြနဲ႔ သူမအေပၚ ရမၼက္မိုးေတြ သြန္ခ်ေသာအခါတြင္ wong chiခမ်ာ နာက်င္ မိန္းေမာစြာ ရမၼက္ႏြံထဲမွာ နစ္က်ြံခဲ့ရသည္။ရက္စက္လြန္း၍ မုန္းတီးခဲ့ရသည္။ထို႔အတူ ဆန္႔က်င္စြာ ခ်စ္လြန္းမိခဲ့ျပန္သည္။တစ္ခါတစ္ေလမွာ သူ႔ရဲ႕ မ်က္ဝန္းရိပ္ေတြထဲကို သူမဆီ ထားရွိသည့္ အၾကင္နာေမတၲာကို အငမ္းမရ ရွာေဖြဘူးပါသည္။တိမ္ေရးပန္းခ်ီႏွယ္။အခိုက္အတန္႔မ်ွသာပဲ။သူေျပာေလ့ရွိသည့္
ငါဘဝမွာ ယုံၾကည္မွဳ နဲ႔ တည္ေဆာက္လို႔မရပါဘူး။တစ္ဦးတစ္ေယာက္ကိုယုံၾကည္လိုက္ရင္ အဲဒီအခ်ိန္ဟာ ငါ့ဘဝအဆုံးသတ္မယ့္ေန႔ပဲ။ဒါေပမယ့္။ငါမယုံၾကည္မွဳထဲမွာ မင္းမပါပါဘူးမိန္းကေလး ရယ္။
သူ႔ပါးမို႔မို႔ေလးႏွစ္ဘက္ကို ယုယစြာပြတ္သပ္ျပီး ေျပာေလ့ရွိတဲ့ စကားေတြပါပဲရွင္။အျမဲတမ္း ေဒါသေမာဟေတြရစ္ေထြးေနတဲ့ သူ႔မ်က္ႏွာေလးက က်ြန္မေၾကာင့္ ေျပေလ်ာ့ေခ်ာေမြ႔သြားျပီဆို လမိုက္ညက ၾကယ္ပြင့္ကေလး ေတြ႔လိုက္ရသလိုပဲေလ။တကယ္ဆို သူလိုလူမ်ိဳးကို က်ြန္မခါးခါးသီးမုန္းရမွာ။ကိုယ့္တိုင္းျပည္ကို တစ္ပါးသူလက္ထဲ ထိုးထည့္ေနတဲ့ သစၥာေဖာက္တစ္ေယာက္ကို ရက္ရက္စက္စက္ နင္းေခ်ပစ္ရမွာ။ဒါေပမယ့္
အသည္းႏွလုံးထဲက လွဳိက္လွဳိက္လွဲလွဲ ခ်စ္မိေနသတဲ့။ကိုယ့္အေပၚ အပ်င္းေျပ ေဖ်ာ္ေျဖရုံ မယားငယ္သာသာ တစ္ေယာက္ေလာက္သေဘာထားတဲ့သူကို က်ြန္မ ခ်စ္မိေနသတဲ့။အံ့ၾသဖို႔မေကာင္းဘူးလား။
ရာသီဥတုသာယာျပီး သူအလုပ္အပါးတဲ့ တစ္ေန႔မွာ သူမကို လက္စြပ္ဝယ္ေပးဖို႔ mr lee က လက္ဝတ္ရတနာ ဆိုင္ကို ေခၚသြားခဲ့သည္။ လမ္းတစ္ေလ်ွာက္တြင္ သူ႔ကို လုပ္ၾကံရန္ ေတာ္လွန္ေရးသမားေတြေစာင့္ဆိုင္းေနေလျပီ။
သူမဘာလုပ္ရမလဲ။သူေသတာကို ၾကည့္ရက္ႏိုင္လို႔လား။
သူေသသြားလ်ွင္ သူမ တာဝန္ျပီးသြားျပီပဲ။သူမေဖေဖဆီကိုလည္း ျပန္လို႔ရျပီ။
တိုင္းျပည္အတြက္လည္း တာဝန္ေက်ပြန္ျပီ။
အေတြးတို႔ျဖင့္ ဘာသာ မြန္းက်ပ္လ်က္ရွိေနသည္။သူ၏လက္အစုံကို ပိုျပီးဆုပ္ကိုင္မိသည္။
ဘာေတြျဖစ္မလဲ။ဘာေတြဆက္ျဖစ္မလဲ။ဒီဇာတ္ကားကို Life Of Pi. Brokeback Mountain စတဲ့ဇာတ္ကားေတြနဲ႔ ေအာ္စကာဆုေတြရခဲ့တဲ့ ဒါရုိက္တာၾကီး Anglee ရဲ႕ လက္ရာပါ။အရမ္းေကာင္းတဲ့ဇာတ္လမ္းတစ္ပုဒ္ျဖစ္ပါတယ္။ဒီဇာတ္ကားနဲ႔ပဲ အဓိက သရုပ္ေဆာင္ tony leungဟာ 2007 ေဟာင္ေကာင္ရုပ္ရွင္ပြဲေတာ္မွ အေကာင္းဆုံးဇာတ္ေဆာင္ဆုကို႐ ရွိခဲ့ပါတယ္။ဒါေပမယ့္ မိသားစုၾကည့္လို႔မရသလို 18ႏွစ္ေအာက္အရြယ္ေတြၾကည့္ဖို႔မသင့္ေတာ္ပါဘူး။အဲဒီဇာတ္ကားထဲမွာပါတဲ့ အခ်ိဳ႕ေသာ ခ်စ္တင္းႏွီးေႏွာခန္းေတြက ညစ္ညမ္းတဲ့အျမင္ကၾကည့္ရင္း ရုိင္းေပမယ့္ အႏုပညာအျမင္နဲ႕ၾကည့္ရင္ လူေတြရဲ႕ တဏွာ သဘာဝကို ဒါရုိက္တာက ရွင္းလင္းစြာ သဘာဝက်က် ခ်ျပျခင္းလို႔သာ ယူဆမိပါတယ္။ေသခ်ာတာကေတာ့ က်ြန္ေတာ္တို႔အားလုံး ဒီဇာတ္ကားကို ၾကည့္ျပီးခ်ိ္န္မွာ အဲဒီအခဏ္းေတြအတြက္ စိတ္လွဳပ္ရွားမိမွာမဟုတ္ပဲ ဒါရုိက္တာ ဆြဲေခၚသြားတဲ့ ေသာကဘုံတစ္ခုကို ေရာက္သြားမည္သာ ျဖစ္တယ္ဆိုတာ။
ဒီမွာေဒါင္းပါ Download link - https://mm1ink.net/PrhB
File size - 1.1Gb
ဒီမွာေဒါင္းပါ Download link - https://mm1ink.net/Jhmd9a
File size - 486.72Mb
အေပၚ ေဒါင္းေလာ့လင့္မ်ား ကုိဝင္မၾကည့္တတ္လ်င္ လင့္ဝင္နည္းဗီဒိီယုိၾကည့္ပါ = https://youtu.be/lW66HnGJLN0
ေဒါင္းလင့္ဝင္ၾကည့္နည္း ဗီဒီယုိ = https://youtu.be/lW66HnGJLN0
Openload linkကေဒါင္းနည္း =
https://youtu.be/HOL3Fbl1lO4
Adblockျဖစ္ၿပီးေဒါင္းမရျဖစ္ေနသူမ်ားအတြက္
ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI
အားလံုးအဆင္ေျပပါေစ
Crd:Cm
Unicode

[18+] Lust, Caution
အဝေးက လရိပ်မျှင်မျှင် လေးသည်
မှန်ပြတင်းကိုဖြတ်လျက် အခန်းထဲကို တိုးဝင်နေသည်။ အခန်းထဲတွင် လရောင်လင်းရိပ်သာရှိပြီး အခန်းလေးသည် မှုန်ရီ ဝိုးဝါးနေ၏။မှန်ပြတင်းနားတွင် မိန်းကလေးတစ်ယောက် မတ်တပ်ရပ်ပြီး အဝေးကိုငေးကြည့်နေသည်။သူမ၏မျက်ဝန်းကလေးများသည် သောက်ရှုးကြယ်များသဖွယ် အမှောင်ထဲမှာပင် လင်းလက်နေသည်။နှုတ်ခမ်းနှစ်မွှာသည် တုန်ရီလျက်ရှိနေလေသည်။ယောကျာ်းပျိုတစ်ဦး သူမအနားကို ရောက်လာပြီး ပုခုံးလေနှစ်ဘက်ကို ယုယစွာ ဆုပ်ကိုင်လိုက်၏။မိန်းကလေးသည် လည်ပြန် ငဲ့ကြည့်လိုက်ပြီး သူတို့၏မျက်ဝန်းများ နှုတ်ခမ်းများသည် ချစ်ဆိပ်ရည် တို့ဖြင့်ပြည့်ကျံနေကာ တုန်ရီလျက်ရှိနေကြသည်။လရိပ်သည် အရောင်ဖျော့စပြုလာပေပြီ။
သူတို့နှစ်ဦး၏ ရမ္မက်အဆိပ်ငွေ့များကမူ တစ်စထက်တစ်စအရောင်တောက်လာပြီ။1938ခုနှစ်။ Wong chia chi(Tang Wei)သည် ဟောင်ကောင်တက္ကသိုလ်မှ ကျောင်းသူတစ်ဦးဖြစ်သည်။အချိန်ကာလကား ဂျပန်တို့သည် အာရှတစ်ခွင်စိုးမိုးနေသည့်ကာလဖြစ်ပြီး တရုတ်ပြည်မကြီးကနေ ဟောင်ကောင်ကျွန်းကိုပါ သိမ်းပိုက်ရန်ကြံစည်နေသည့်အချိန်ကာလဖြစ်၏။ဟောင်ကောင်တွင် ဗြိတိသျှ အလိုတော်ရိများ ။အရေးမလှ၍ ဆုတ်ခွာရန်ပြင်နေသည့် ဗြိတိသျှ အရာရှိများ။ ဟောင်ကောင်ကိုသိမ်းပိုက်ရန် နည်းလမ်းအမျိုးမျိုး သုံးလျက်ရှိသည့် ဂျပန်စပိုင်များ အလိုတော်ရိများဖြင့် ဟောင်ကောင်သည် ကျီးလန့်စားစား ကာလကို ဖြတ်သန်းနေရသည့် အချိန်ဖြစ်လေသည်။တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်သည့် wong chi သည် အတန်းဖော်သူငယ်ချင်းများနှင့် တက္ကသိုလ်တွင် မျိုးချစ်စိတ်ဖြစ်ထွန်းရန်ရည်ရွယ်သည့် တော်လှန်ရေးပြဇာတ်တစ်ခုတွင် ဝင်ရောက်သရုပ်ဆောင်ခဲ့ပြီး အဆိုပါပြဇာတ်သည် အောင်မြင်မှုရခဲ့၏။ထို့ကြောင့် သူမကို တိတ်တခိုး ချစ်ကြိုက်နေသည် Kuang Yu Min (wang leehom)က အစဉ်တစ်ခုကို သူမတို့အား ပြောပြခဲ့၏။အစီအစဉ်က ရှန်ဟိုင်းတွင်ရှိနေသည့် ဂျပန်အလိုတော်ရိ mr yee(tony leung chiu wai)အား လုပ်ကြံရန် ဖြစ်သည်။kuang yuသည် သူ၏အစ်ကိုမှာ ဂျပန်တွေလက်ချက်ကြောင့် သေဆုံးခဲ့ရသည်ဖြစ်၍ ဂျပန်တွေအပေါ်နာကျည်းချက်ရှိနေသူ
ဖြစ်သည်။ကျန်တဲ့သူငယ်ချင်းတွေကတော့ နိုင်ငံရေးနဲ့ ပတ်သက်လို နားလည်းမလည်။အတွေ့အကြုံလည်း မရှိကြပေ။ wong chi မှာလည်းထို့အတူပင် အပေါင်းအဖော် ကောင်းလွန်းသဖြင့်သာ ပါသွားခဲ့ရသည်။သူမစိတ်ထဲတွင် အဝေးရောက်ဖခင်ဖြစ်သူနဲ့သာတွေ့လိုစိတ်ရှိသူဖြစ်ပေသည်။သူမသည် လှပချောမောသူတစ်ဦး ဖြစ်၍ အဓိက နေရာတွင် ပါဝင် ရန် သူငယ်ချင်းများက အကြံဉာဏ် ပေးခဲ့သည်။
wong chi ဆိုတဲ့ကောင်မလေးခမျာ အိမ်ထောင်ပျက် လူကုံတန် တစ်ဦးအဖြစ် သရုပ်ဆောင်ခဲ့လေသည်။ တကယ်တော့ သူမထင်သလောက် mr yeeကို လုပ်ကြံဖို့မလွယ်လှပါ။သူသည် စွန်ရဲတစ်ကောင်မျက်လုံးလို တစ်ဖက်သား၏လျှို့ ဝှက်ချက်ကို ရှာဖွေနိုင်သူဖြစ်သည်။wong chi သည် မာယာ ပရိယာယ် အသွယ်သွယ်သုံးပြီး သူ့အနားကို ချဉ်းကပ်ခဲ့သည်။သူသည် ဘယ်သူ့ကိုမှအယုံအကြည်မရှိ။အမြဲတမ်း အလုပ်ကိစ္စတွေနဲ့ရှုပ်ထွေးနေသည်။တစ်ညတွင် သူမအိမ်ထဲကို ဖိတ်ခေါ်ခဲ့သော်လည်း သူက လိုက်မလာခဲ့ပါ။အိမ်ထဲတွင် သူဝင်လာပါက လုပ်ကြံဖို့ စောင့်နေကြသည့် သူငယ်ချင်းတွေရှိသည်။သူက ပါးနပ်လှ၏။လှည့်ထွက်သွားခဲ့၏။
သူမသည် mr yeeကိုလုပ်ကြံရန် ကြိုးစားရင်းနဲ့ သူမ နှလုံသားထဲတွင် သူကို တစ်စ တစ်စ နေရာပေးလာပြီမှန်းသတိမပြုမိခဲ့ပါ။
mr yee ပေးထားသည့် တိုက်အိမ်ကြီးမှာ နေထိုင်ရင်း သူပြန်လာမယ့် အချိန်ကို အလှပဆုံးပြင်ဆင်ဖြီးလိမ်းပြီးစောင့်နေရ၏။သူပြန်လာပြီဆို သူမ ပျော်ရ၏။သူ၏ ပုံသဏ္႑ာန်သည် နာနတ်သီးခွံများကြားတွင် လပေါင်းများစွာ နေထိုင်ခဲ့ရသည့် ဝါးရင်းတုတ်တစ်ချောင်းသဖွယ် မာကျောခက်ထန်လွန်းလှ၏။သူ့ဘဝကောင်းကျိုးသာကြည့်ပြီး အရာရာကိုစတေးဝံ့သူဖြစ်သည်။ပြုံးခဲ ရယ်ခဲသည်။တစ်ခါတစ်ရံ သူမက သီချင်းဆိုပြသောအခါ သူမျက်နှာသည် နူးညံ့ပျော့ပျောင်းပြီး ခလေးလေးတစ်ယောက်လို ချစ်စရာကောင်းလွန်းလှပါသည်။ကျားရဲတစ်ကောင်လို ခက်ထန်မှုတွေနဲ့ သူမအပေါ် ရမ္မက်မိုးတွေ သွန်ချသောအခါတွင် wong chiခမျာ နာကျင် မိန်းမောစွာ ရမ္မက်နွံထဲမှာ နစ်ကျွံခဲ့ရသည်။ရက်စက်လွန်း၍ မုန်းတီးခဲ့ရသည်။ထို့အတူ ဆန့်ကျင်စွာ ချစ်လွန်းမိခဲ့ပြန်သည်။တစ်ခါတစ်လေမှာ သူ့ရဲ့ မျက်ဝန်းရိပ်တွေထဲကို သူမဆီ ထားရှိသည့် အကြင်နာမေတ္တာကို အငမ်းမရ ရှာဖွေဘူးပါသည်။တိမ်ရေးပန်းချီနှယ်။အခိုက်အတန့်မျှသာပဲ။သူပြောလေ့ရှိသည့်
ငါဘဝမှာ ယုံကြည်မှု နဲ့ တည်ဆောက်လို့မရပါဘူး။တစ်ဦးတစ်ယောက်ကိုယုံကြည်လိုက်ရင် အဲဒီအချိန်ဟာ ငါ့ဘဝအဆုံးသတ်မယ့်နေ့ပဲ။ဒါပေမယ့်။ငါမယုံကြည်မှုထဲမှာ မင်းမပါပါဘူးမိန်းကလေး ရယ်။
သူ့ပါးမို့မို့လေးနှစ်ဘက်ကို ယုယစွာပွတ်သပ်ပြီး ပြောလေ့ရှိတဲ့ စကားတွေပါပဲရှင်။အမြဲတမ်း ဒေါသမောဟတွေရစ်ထွေးနေတဲ့ သူ့မျက်နှာလေးက ကျွန်မကြောင့် ပြေလျော့ချောမွေ့သွားပြီဆို လမိုက်ညက ကြယ်ပွင့်ကလေး တွေ့လိုက်ရသလိုပဲလေ။တကယ်ဆို သူလိုလူမျိုးကို ကျွန်မခါးခါးသီးမုန်းရမှာ။ကိုယ့်တိုင်းပြည်ကို တစ်ပါးသူလက်ထဲ ထိုးထည့်နေတဲ့ သစ္စာဖောက်တစ်ယောက်ကို ရက်ရက်စက်စက် နင်းချေပစ်ရမှာ။ဒါပေမယ့်
အသည်းနှလုံးထဲက လှိုက်လှိုက်လှဲလှဲ ချစ်မိနေသတဲ့။ကိုယ့်အပေါ် အပျင်းပြေ ဖျော်ဖြေရုံ မယားငယ်သာသာ တစ်ယောက်လောက်သဘောထားတဲ့သူကို ကျွန်မ ချစ်မိနေသတဲ့။အံ့သြဖို့မကောင်းဘူးလား။
ရာသီဥတုသာယာပြီး သူအလုပ်အပါးတဲ့ တစ်နေ့မှာ သူမကို လက်စွပ်ဝယ်ပေးဖို့ mr lee က လက်ဝတ်ရတနာ ဆိုင်ကို ခေါ်သွားခဲ့သည်။ လမ်းတစ်လျှောက်တွင် သူ့ကို လုပ်ကြံရန် တော်လှန်ရေးသမားတွေစောင့်ဆိုင်းနေလေပြီ။
သူမဘာလုပ်ရမလဲ။သူသေတာကို ကြည့်ရက်နိုင်လို့လား။
သူသေသွားလျှင် သူမ တာဝန်ပြီးသွားပြီပဲ။သူမဖေဖေဆီကိုလည်း ပြန်လို့ရပြီ။
တိုင်းပြည်အတွက်လည်း တာဝန်ကျေပွန်ပြီ။
အတွေးတို့ဖြင့် ဘာသာ မွန်းကျပ်လျက်ရှိနေသည်။သူ၏လက်အစုံကို ပိုပြီးဆုပ်ကိုင်မိသည်။
ဘာတွေဖြစ်မလဲ။ဘာတွေဆက်ဖြစ်မလဲ။ဒီဇာတ်ကားကို Life Of Pi. Brokeback Mountain စတဲ့ဇာတ်ကားတွေနဲ့ အော်စကာဆုတွေရခဲ့တဲ့ ဒါရိုက်တာကြီး Anglee ရဲ့ လက်ရာပါ။အရမ်းကောင်းတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဒီဇာတ်ကားနဲ့ပဲ အဓိက သရုပ်ဆောင် tony leungဟာ 2007 ဟောင်ကောင်ရုပ်ရှင်ပွဲတော်မှ အကောင်းဆုံးဇာတ်ဆောင်ဆုကိုရ ရှိခဲ့ပါတယ်။ဒါပေမယ့် မိသားစုကြည့်လို့မရသလို 18နှစ်အောက်အရွယ်တွေကြည့်ဖို့မသင့်တော်ပါဘူး။အဲဒီဇာတ်ကားထဲမှာပါတဲ့ အချို့သော ချစ်တင်းနှီးနှောခန်းတွေက ညစ်ညမ်းတဲ့အမြင်ကကြည့်ရင်း ရိုင်းပေမယ့် အနုပညာအမြင်နဲ့ကြည့်ရင် လူတွေရဲ့ တဏှာ သဘာဝကို ဒါရိုက်တာက ရှင်းလင်းစွာ သဘာဝကျကျ ချပြခြင်းလို့သာ ယူဆမိပါတယ်။သေချာတာကတော့ ကျွန်တော်တို့အားလုံး ဒီဇာတ်ကားကို ကြည့်ပြီးချိ်န်မှာ အဲဒီအခဏ်းတွေအတွက် စိတ်လှုပ်ရှားမိမှာမဟုတ်ပဲ ဒါရိုက်တာ ဆွဲခေါ်သွားတဲ့ သောကဘုံတစ်ခုကို ရောက်သွားမည်သာ ဖြစ်တယ်ဆိုတာ။
ဒီမှာဒေါင်းပါ Download link - https://mm1ink.net/PrhB
File size - 1.1Gb
ဒီမှာဒေါင်းပါ Download link - https://mm1ink.net/Jhmd9a
File size - 486.72Mb
အပေါ် ဒေါင်းလော့လင့်များ ကိုဝင်မကြည့်တတ်လျင် လင့်ဝင်နည်းဗီဒိီယိုကြည့်ပါ = https://youtu.be/lW66HnGJLN0
ဒေါင်းလင့်ဝင်ကြည့်နည်း ဗီဒီယို = https://youtu.be/lW66HnGJLN0
Openload linkကဒေါင်းနည်း =
https://youtu.be/HOL3Fbl1lO4
Adblockဖြစ်ပြီးဒေါင်းမရဖြစ်နေသူများအတွက်
ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI
အားလုံးအဆင်ပြေပါစေ
Crd:Cm

Post a Comment

0 Comments